Loading
Showing posts with label Finance. Show all posts
Showing posts with label Finance. Show all posts

တိုယိုတာ နှစ်ကုန် စည်းဝေးပွဲ၊ ယခုနှစ် ၁၅ဝ ဘီလီယမ် ယန်း အရှုံးပေါ်

တိုယိုတာ ကားကုမဿပဏီ ဥကဿကဌ ဝါတာ့နာ့ဘဲ ခါစုအာ့ကိဟာ ဒီဇင္ဘာ ၂၂ရက်နေ့တွင် နာဂိုယာမြို့မှာ နှစ်ကုန် ဆွေးနွေးပွဲပြုလုပ်ပြီး ၂ဝဝ၉ ခုနှစ် တတိယ ဘဏဿဍာနှစ် အရှုံးအမြတ်စာရင်းကို တင်ပြခဲ့ပါတယ်။ ဒီနှစ်မှာ ၁၅ဝ ဘီလီယမ် ယန်း အရှုံးပေါ်ကြောင်းနဲ့ ၁၉၃၇ ကုမဿပဏီ စထောင်ပြီးခါစကလွဲပြီး တစ်ခါမှ မရှုံးခဲ့ဘူးဘဲ ပထမဆုံးအကြိမ် အရှုံးပေါ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုယိုတာဟာ နိုင်ဝင်ဘာ ၆ရက်မှာ တစ်ခါ စာရင်းချုပ် တင်ပြခဲ့ပေမယ့် အဲဒီနောက် ပိုမိုဆိုးရွားသွားမှုကြောင့် ထပ်ပြီး စာရင်းချုပ် တင်ပြရခြင်းဖြစ်ပါတယ်။
ကမဿဘာ့ ကားအရောင်းအဝယ်ဟာ ၁၅.၄ ရာခိုင်နှုန်းလျော့ကျသွားပြီး ၇၅.၄သိန်းစီးသာရှိတော့ကြောင်း ၁၁လပိုင်းမှစပြီး စီးရေ ရသိန်းထပ်မံလျော့ချခဲ့ရကြောင်း ပြောခဲ့ပါတယ်။

တိုယိုတာဟာ စာရင်းအရဆိုရလျှင် ရောင်းရနှုန်းဟာ ၁၈.၂ ရာခိုင်နှုန်း လျော့ပြီး ၂၁.၅ ထရီလီယမ် ယန်းဖိုး၊ အမြတ် က ၉၇.၁ ရာခိုင်နှုန်း ကျဆင်း ပြီး ၅ဝ ဘီလီယမ် ယန်းဖြစ်သွားခဲ့ရပါတယ်။
ငွေဈေးကွက်အနေနဲ့ကတော့ ဒီဇင်ဘာလနေပြီး တစ်ဒေါ်လာ ၉ဝ ယန်း၊ တစ်ယူရို ၁၂ဝ ယန်း လောက်ပဲ မှန်းနိုင်ပါတော့တယ်။ ယန်းဈေးတက်မှုကြောင့် အမြတ်လျော့သွားမှုဟာ ၈၉ဝ ဘီလီယမ် ယန်း အထိဖြစ်သွားပါတယ်။

ဥကဿကဌ ဝါတာ့နာ့ဘဲဟာ ကမဿဘာ့ ဈေးကွက်ကို သွေးအေး စေခဲ့တဲ့ အရောင်းအဝယ် ကျဆင်းမှုနဲ့ ယန်းဈေးတက်မှုတွေကြောင့် ဖြစ်ကြောင်း၊ အရမ်း အရေးကြီးတဲ့ အခြေအနေရှိကြောင်း၊ တစ်ကနေ ပြန်စပြီး ပြုပြင်လို့ရမယ်ဆိုရင် ပြုပြင် ပြောင်းလဲပစ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။

http://response.jp/issue/2008/1222/article118184_1.html

ယန်းတန်ဖိုးတက်မှု အချိန်ပြည့် ဝန်ထမ်းများပင် အနဿတရာယ်ရှိ

ယန်းတန်ဖိုးတက်မှု အချိန်ပြည့် ဝန်ထမ်းများပင် အနဿတရာယ်ရှိ၊ ဟွန်ဒါ . ဖူကုအိ ဥကဿကဌပြောကြား

၁၉ရက်နေ့ ။ ဟွန်ဒါ ဥကဿကဌ ဖူကုအိ တာ့ကဲအို မှနေပြီ အဆာအိ သတင်းဌာန သို့ အင်တာဗျူးဖြေကြားပေးခဲ့ပါတယ်။ ယန်းတန်ဖိုးတက်ပြီး ဒေါ်လာဈေးကျနေ တဲ့အတွက်ကြောင့် နလံမထူနိုင်အောင်ဖြစ်သွားနိုင်တယ်လို့ပြောပါတယ်။ အချိန်ပြည့် ဝန်ထမ်းများပင် မလွယ်ကြောင်း၊ ဂျပန် မှ ပို့ကုန်တင်ပို့သောလုပ်ငန်းများ လုံးဝ ပျက်သုဉ်းသွားနိုင်ကြောင်း ငွေဈေးကွက် သွားလာပုံကို ကြည့်ပြီး အနဿတရာယ်ရှိပုံကိုပြောပြပါတယ်။

ဖူကုအိ ဥကဿကဌဟာ ၁ဒေါ်လာ ကို ယန်း ၉ဝ လောက်အထိသွားနေတဲ့ လက်ရှိအခြေအနေအရ၊ ၁ဝဝ ယန်း လောက်အထိတောင် အနိုင်နိုင်ဖြစ်ကြောင်း၊ ၉ဝ ယန်း ၈ဝ ယန်းဆိုတာ တစ်ခါမှ မစဉ်းစားထားဘူးလို့ ဆိုပါတယ်။ ဒီထက်ပိုဆိုးသွားရင် အသစ်ဆောက်လုပ်ဆဲဖြစ်တဲ့ စက်ရုံတွေတောင် အကြီးအကျယ် ရပ်နားထားရနိုင်တယ်လို့ ပြောပါတယ်။

ဟွန်ဒါဟာ F1 ကားပြိုင်ပွဲကနေလဲ ထွက်လိုက်ပါပြီ။ ထောက်ပံကြေးတွေ၊ ဘောနပ်စ် တွေ ပေးတာကိုလည်း လျော့ချပါတယ်။ အချိန်ပိုင်း အလုပ်သမားတွေ လျော့ချတာကိုလည်း လုပ်ခဲ့ရပါတယ်။

အရင်က တစ်နှစ် ၁.၃ သန်းထုတ်ဖို့စဉ်းစားခဲ့ပေးမယ့် အခုတော့ ၁သန်း ဒါမှမဟုတ် ၅သိန်းလောက်ပဲ ထုတ်လို့ ရရင်ရတော့မယ်လို့ ပြောပါတယ်။

ယန်းတန်းဖိုးတက်တာ မရပ်တန့်ခဲ့ ဖူးဆိုရင် နောက်ဆုံးမှာ သုည အထိဖြစ်နိုင်ပြီး ဂျပန်ဟာ နိုင်ငံခြားမှ ကား ပြန်သွင်းရတော့မှာ ဖြစ်ပါတယ်။ ထုတ်ကုန် ကုမဿပဏီတွေ သေချာမလုပ်နိုင်ရင် နိုင်ငံအထိတောင် ထိခိုက်လာမှာပါ။

ဒီလောက်အခြေအနေမှာလည်း ကားထုတ်သူတွေ များတာလဲ တစ်ခုအပါအဝင်လို့ ပြောသူတွေကလည်း ပြောကြပါတယ်။

http://www.asahi.com/business/update/1220/TKY200812200020.html

ဂျပန် ၂ဝဝ၉ ခုနှစ်၊ ဘဏဿဍာရေး။ ငွေကြေးကပ် တိုက်ရိုက်ကျရောက်

၂ဝဝ၉ ခုနှစ် ငွေကြေး ခန့်မှန်းချက်။

စီးပွားရေး ပျက်သုန်းမှုရဲ့ အလျှင်မြန်မှုတွေ၊ နိုင်ငံငွေကုန်ကျစရိတ် မြင့်မားလာမှုတွေကြောင့် ယေဘုယျခန့်မှန်းချေအနေနဲ့ သမိုင်းတလျှောက် အမြင့်မားဆုံးဖြစ်တဲ့ ၈၈.၅ ထရီလီယမ် ယန်းကို ရောက်ရှိတော့ မှာဖြစ်ပါတယ်။ ထိုအပြင့် အခွန်တွေဝင်တာလဲ နည်းလာပါတယ်။
အခြား နိုင်ငံအတွက်ဝင်ငွေ တွေလည်းနဲလာတဲ့ အတွက်ကြောင့် နိုင်ငံအကြွေးဟာ ၃ဝထရီလီယမ် ယန်းကို ကျော်သွားတော့မှာဖြစ်ပါတယ်။

အခွန် ၇.၅ ထရီလီယမ် ယန်းလျော့ကျ၊ ကုမဿပဏီတွေ ပျက်သုန်းကုန်မှုကြောင့်

၂ဝဝ၉ ခုနှစ် ဘဏဿဍာငွေလက်ကျန်ဟာ (အကြွေးတိုင်းပြည်ကြီး ဂျပန်)ကို ပိုဆိုးသွားအောင် ဆောက်နဲ့ ထွင်းသလိုပဲရှိပါတယ်။ ကုမဿပဏီတွေ ပျက်သုန်းကုန်မှုကြောင့်၂ဝဝ၉ ခုနှစ်မှာ နိုင်ငံမှ အခွန်ရငွေ ၄၆.၁ ထရီလီယမ် ယန်း ပဲ ရရှိပြီး ၇.၉ ထရီလီယမ် ယန်းလျော့ ကျသွားမှာ ဖြစ်ပါတယ်။ နိုင်ငံ အကြွေးစာချုပ် စာရင်းမှာတော့ ၃၃.၃ ထရီလီယမ် အထပ်မြင့်တက်သွားမှာဖြစ်ပါတယ်။ ကိုအိဇုမိ သမဿမတ လက်ထက်က ထားရှိခဲ့တဲ့ နိုင်ငံအကြွေး ၃ဝထရီလီယမ် ယန်း အောက် လျော့ချရေးအစီအစဉ်ဟာ လေထဲမှာ ပျောက်သွားတော့မှာ ဖြစ်ပါတယ်။

အကြွေးသစ်ပမာဏဟာ ၁.၃ ဆ ချက်ခြင်းတိုးသွားပြီး ၂ဝဝ၉ ခုနှစ်ကုန်ပိုင်းမှာဆိုရင် နိုင်ငံအကြွေးစုစုပေါင်းဟာ အဆိုးဆုံး အခြေအနေဖြစ်တဲ့ ၅၈၁ ထရီလီယမ် ယန်း အထိကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ပုံမှန်အခွန်ပြန်ကောက်သွားရင်တောင် အကြွေး ၁၃နှစ် စာရှိနေပါပြီး မတည်မငြိမ်ဖြစ်လာဖွယ်ရှိပါတယ်။

၂ဝဝ၉ ခုနှစ် နိုင်ငံအကြွေးတွေ တိုးလာတဲ့ အကြောင်းရင်းတွေထဲမှာ ကမဿဘာစီးပွားရေးပျက်ကပ်၊ စီးပွားရေးနှင့်အတူ ယန်းတန်ဖိုးမြင့်တက်မှု၊ လုပ်ငန်းဝင်ငွေက မှန်းထားတာထက် ပိုဆိုးရွားသွားမှု တွေဖြစ်ပါတယ်။ ဆိုနီ၊ တိုယိုတာ စတဲ့ နိုင်ငံ ထိပ်သီးကုမဿပဏီတွေ ကစပြီး ဆက်တိုက် အဆင်မပြေဖြစ်လာမှုတွေကြောင့် လုပ်ငန်းအတော်များများဟာ တည်တည်းလေးသာ ကျန်ပါတော့တယ်။

ဘဏဿဍာရေးဝန်ကြီးဌာနမှ ၂ဝဝ၉ ခုနှစ် ရဲ့ လုပ်ငန်းများမှ ဝင်ငွေ ၁ဝ.၅၄၄ ထရီလီယမ် ယန်း (၂ဝဝ၈ တုန်းက ၁၆.၇၁၁ ထရီလီယမ် ယန်း) အထိကျသွားနိုင်ပါတယ်လို့ပြောပါတယ်။ ဈေးကွက်ထဲမှာတော့ ဒါဟာ များနေပါသေးတယ်။ ၁ဝ ထရီလီယမ် ယန်း အောက် အထိကျသွားဖို့များပါတယ် လို့ထင်မြင်ကြပါတယ်။

နောက်ပြီး စတော့ ဈေးကျမှု နဲ့ စားသုံးသူတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် ဝင်ငွေခွန်နဲ့ ပစဿစည်းခွန် ရရှိမှုတွေဟာလည်း လျော့ကျသွားပါလိမ့်မယ်။

အခွန်ရရှိမှုက လမ်းပျောက်နေတဲ့ကြားက ၂ဝဝ၉ ခုနှစ်မှာ အိမ်ဝယ်ရန်ထုတ်ချေးငွေ အတိုးလျော့ချပေးရမှာ ဖြစ်ပါတယ်။ ဝ.၅၉ ထရီလီယမ် ယန်းလောက် ရတာလျော့သွားဦးမှာပါ။

အစိုးရနဲ့ အခြားပါတီတွေဟာ ဒီနှစ်အတွင်းမှာ အစီအစဉ် တစ်ခုခုကို လုပ်ဖို့ စီစဉ်ကြပါမယ်။ အခွန်တွေ တိုးကောက်လို့ ရမလား ဆိုတာကလည်း မသေချာသေးပါဘူး။ ဒါကြောင့် နိုင်ငံ ပြန်လည်တည်ဆောက်ရေးဟာ အနာဂတ်ကို မြင်ကြည့်လို မရတဲ့ အနေအထားမှာ ရှိနေပါတယ်။

http://mainichi.jp/select/seiji/news/20081221ddm010010006000c.html

ကျနော်ဖတ်သော အခြား ဘလော့ / ဆိုဒ်များ